လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်

လှိုင် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရွာမကျောင်းလမ်း၊ အောင်မေတ္တာလမ်း၊ ဗဟိုလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုး၏ ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးတန်းများ စနစ်တကျရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော မြို့နယ်ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ လမ်းဘေးဝဲယာရှိ တရားမဝင်သွယ်တန်းထားသော ဆက်သွယ်ရေးကြိုးများ၊ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇော်ဇော်နိုင်