မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးနံရံကပ်စာစောင် ပြသ

မိုးနဲ မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အများပြည်သူများ သိရှိလိုက်နာသင့်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသခဲ့ကြသည်။

အဆိုပါနံရံကပ်စာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ပလတ်စတစ်သုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများပါရှိသော နံရံကပ်စာစောင်အား လမ်းသွားလမ်းလာပြည်သူများအား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အများပြည်သူများ သိရှိလိုက်နာမှတ်သားသင့်သည့် အကြောင်းအရာများ၊ လတ်တလောဖြစ်ပေါ်နေသည့်အချက်များကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင် အချိန်နှင့်တစ်ပြေးညီ ပြသလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)