မိုင်းကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားအလှဆင်သင်တန်း ဖွင့်လှစ်

မိုင်းကိုင် မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အမျိုးသမီးငယ်များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် အလှူပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများတွင် လိုအပ်သည့် အလှဆင်ခြင်းလက်မှုပညာများကို တတ်ကျွမ်းထားကြစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခမ်းအနား အလှဆင်သင်တန်းကို  ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင်ပို့ချသွားမည့် အကြောင်းအရာနှင့် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားများတွင် အသုံးပြုမည့် ပရိဘောဂပစ္စည်းများအား အလှဆင်ခြင်း၊ နောက်ခံနဖူးစည်းများ၌ ဖဲပွင့်များဖြင့် အလှဆင်ခြင်း နည်းအမျိုးမျိုးတို့ကို သင်ကြားပို့ချပေးခဲ့ရာ ာတက်ရောက်လာသည့် အမျိုးသမီးငယ်များ၊ လူမှုရေးအသင်းအဖွဲ့များက စိတ်ပါဝင်စားစွာဖြင့်  လက်တွေ့လေ့လာသင်ယူခဲ့ကြသည်။

အဆိုပါသင်တန်းကို မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်တာ ရက်တိုသင်တန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သင်တန်းနည်းပြများအဖြစ်ဆောင်ရွက်၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)