သာကေတ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ပြည်သူများ စားသောက်ကုန်များကို အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အမှတ်(၁)စျေးရှိ လက်လီ/လက်ကား စားသောက်ကုန် အရောင်းဆိုင်များကို ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအား ရောင်းချိန်တိကျမှန်ကန်မှုရှိစေရေး၊ ရောင်းချသည့်နေရာမှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရောင်းချသည့်ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ အလေးချိန် မှန်ကန်မှုရှိစေရေးနှင့် ကြက်ဥဈေးနှုန်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေ ရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သာကေတမြို့နယ်ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ ရပ်ကွက်အလိုက် စျေးများတွင် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)