ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာသဒ္ဒါနှင့် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

ကွမ်းခြံကုန်း   မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာသဒ္ဒါနှင့်စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒါ်နန့်ဆွေနွယ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးမင်းရဲသူက မြန်မာသဒ္ဒါနှင့် စာစီစာကုံးရေးသားနည်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမဒေါ်သင်းသင်းအေးက စာစီစာကုံးရေးသားနည်းကို ဆက်လက်သင်ကြားပေးသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား(၂၅)ဦးတက်ရာက်ခဲ့ပြီး သင်တန်းကာလကို (၁၂-၅-၂၀၂၅)ရက်နေ့မှ (၂၁-၅-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)