ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တန်း မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေချစ်မြတ်နိုးသူများက စာရေးဆရာအောင်သစ် ရေးသားသည့် "အနာဂတ်လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာရေးဆရာအောင်သစ် ရေးသားသည့် "အနာဂတ်လူငယ်နှင့် အခွင့်အလမ်း" စာအုပ်မှ အခွင့်အလမ်းဆိုတာဘာလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့၀င် မောင်ကျော်စွာက လူတော်ဖြစ်အောင်ကြိုးစား လူကောင်းဖြစ်အောင်ကျင့်ကြံ ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

နေလင်းကျော် (ပြန်/ဆက်)