ရန်ကုန် မေ ၁၃
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် အနောက်ဘက်စောင်တန်းအပေါ်ရှိ မုခ်ဦးအသစ် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက သန်လျင်မြို့အောင်ချမ်းသာတိုးချဲ့ရပ်ကွက်ရှိ မြို့ဦးစက်ပစ်ကွင်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် မြို့ဦးစက်ပစ်ကွင်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇက မတည်လှူဒါန်းငွေကျပ် သိန်း (၂၀၀) အပါအဝင် အလှူရှင်များက လှူဒါန်းငွေများ အသီးသီးလှူဒါန်းကြရာ ကျိုက်ခေါက်စေတီတော် ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာင်းရင်က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အနောက်ဘက်စောင်းတန်းအပေါ် မုခ်ဦးတည်ဆောက်ရေးအတွက် ပါဝင်လှူဒါန်းလိုကြသောအလှူရှင်များအနေဖြင့် ဖုန်း -၀၉၅၀၅၉၁၃၉၂၊ ၀၉ -၉၇၃၀၈၄၄၈၆သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)