သုံးခွ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန် ချက်( ၃)ရက်တို့ကို ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ရုံးမှပြသထားသော သုတ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများနှင့်စာပေချစ်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
စည်သူလင်း(ပြန်/ဆက်)