တုံတာ မေ ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယနေ့နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး တုံတာမြို့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းထွဋ်၊ တုံတာမြို့ အထွေထွအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များ တင်ပြခဲ့သည်။
ယင်းနောက် ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် လူမှုရေးရာဝန်ကြီးသည် တုံတာမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)