မိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

မိုင်းတုံ မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၂) နာရီက မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(CC)ခန်းမ၌ ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်သွယ်က ကလေးများကို စာဖတ်ရခြင်းကြောင့် ရရှိသော ကောင်းကျိုးများကို ဟောပြောပေးခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ဆုရရှိသည့် ကလေးငယ်များနှင့် ပါဝင်ယှဥ်ပြိုင်ကြသော ကလေးငယ်များကို ဆုလက်ဆောင်နှင့် အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး (ပြန်/ဆက်)