မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

မြောက်ဥက္ကလာပ   မေ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန် (ဇ)ရပ်ကွက်၊ ဣန္ဒာ(၃)လမ်းအတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍(ဇ)ရပ်ကွက် ဣန္ဒာ(၃)လမ်းအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ခြင်မှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊စစ် ပြုလုပ်ခြင်း၊  ဘုရားပန်းအိုး ၊ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊မရှိ စစ်ဆေးခြင်း ၊ရေတွင်း ၊ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား  ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး