ဆီဆိုင် မေ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ တိုင်းရင်းသူအမျိုးသမီးများနှင့် တွေ့ဆုံပြီး စကားဝိုင်းဆွေးနွေးခြင်း၊ အာဟာရပြည့်ဝသော ချက်ပြုတ်နည်းပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်းရင်းသူအမျိုးသမီးများအား ရင်းရင်းနှီးနှီးဖြင့် အသီးသီးမိတ်ဆက်ကြသည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့များမှ တိုင်းရင်းသူ အမျိုးသမီးများနှင့် အဖွဲ့လိုက်ဖြင့် စကားဝိုင်းဆွေးနွေးခြင်း ဆောင်ရွက်ပေးပြီး အဟာရပြည့်ဝသော ချက်ပြုနည်းတို့ကို လက်တွေ့သရုပ်ပြပြုလုပ်ပေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ၊ စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ပေးရခြင်းမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်မှု ပိုမိုရရှိစေရန်ဖြစ်ပြီး အာဟာရပြည့်ဝသော ချက်ပြုတ်နည်းအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် အားလူထမင်းနယ်၊ ငါးထမင်းနယ် ပြုလုပ်နည်းတို့ကို တစ်ရက်တာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)