အမှတ်(၅)ကျေးရွာ ပြည့်စုံသုတစာကြည့်တိုက်တွင် အသိပညာပေးဟောပြောပွဲ၊ ရွေ့လျားစာကြည့်တိုက်နှင့် စာဖတ်ဝိုင်း ဆောင်ရွက်

နမ့်စန်(တ) မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲ၊ ရွေ့လျားစာကြည့်တိုက်နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာရှိ ပြည့်စုံသုတစာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၅) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ အမှတ်(၅)ကျေးရွာတာဝန်ခံ ဦးဝင်းရွှေနှင့် ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က  စာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က ကလေးများအတွက် အသိပညာပေး ပုံပြင်များပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာသူကျေးရွာသားများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် ကလေးများအတွက် ကိုယ်ကာယလှုပ်ရှားမှုဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)