မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများ သွားရောက်လှူဒါန်း

မိုးနဲ မေ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်း (တုမ်မို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ခွဲ)၊ နားလင်း(တုမ်မို) ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား/သူများ ၏ပညာ ရေး၊ စားဝတ်နေရေးအဆင်ပြေစေရန်၊ စာသင်သားများနှင့် စာသင်ကိုယ်တော်များ နေရေး ထိုင်ရေးနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဌာနဆိုင်ရာရုံးများမှ လစဥ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဌာနများစုပေါင်းလှူဒါန်းမှူမှရရှိသော အလှူငွေကျပ် ၅၀၀၀၀၀ကို ပေးအပ်လှူဒါန်းရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တမာဃိန္ဒက လက်ခံခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)