မိုင်းယု မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ကလေးငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာပေကိုဖတ်ရှသင့်ကြောင့်၊ ရသစာပေများသည် ကလေးငယ်များ၏ နှလုံးသားအဟာရကိုဖြည့်ပေးနိုင်ကြောင်း စသည့်အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ၊ စာအုပ်ပြပွဲများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
အားချာ