ဗုဒ္ဓပူဇနိယပွဲတော်နှင့် ညောင်ရေသွန်းပွဲ သန်လျင်၌ကျင်းပ

ရန်ကုန် မေ ၁၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပရိယတ္တိတံခွန် သာသနအကျိုးဆောင်အဖွဲ့က ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်နှင့် ညောင်ရေသွန်းပွဲကို ယမန်နေ့နံနက်တွင် မဟာခေမိကာရာမ ရွှေကျင်စာသင်တိုက်၌ ကျင်းပသည်။

ရှေ့ဦးစွာ ကျောင်းတိုက်အတွင်းရှိ ကျိုက်ဝိသုံမဏိ (ခ) ရန်အောင်မြင်စေတီတော်ကြီးအား ဆရာတော်ကြီးများက အနေကဇာတင်၍ ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ကြသည်။

ထို့နောက် သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၂၇)ပါးတို့အား အလှူရှင်များက အရုဏ်ဆွမ်းဆက်ကပ်၍ စာရေးတံမဲ ပဒေသာပင်များ ဆက်ကပ်လောင်းလှူကြသည်။ ယင်းနောက် ကျောင်းတိုက်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ