မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ကန်ကြီးမင်္ဂလာကန်တော်တွင်းရေဖြည့်သွင်းကုသိုလ်ယူ

မုဒုံ မေ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ (ကဆုန် လပြည့်နေ့) က မြို့ကျက်သရေဆောင် ကန်ကြီးမင်္ဂလာကန်တော်အတွင်း ရေဖြည့်သွင်း ကုသိုလ်ယူ ဆောင်ရွက်ခြင်း၊ ရတနသုတ်တော်နှင့် ဓာရဏပရိတ်ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ကုသိုလ်ယူခဲ့ကြသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဖုန်းမြင့်အေး ဦးဆောင်၍  တပ်ဖွဲ့ဝင်မိသားစုများက ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ရှိ ဘုရားဝတ်အတွင်း၌ ရတနသုတ်တော်နှင့် ဓာရဏပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ခြင်းများ  ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကင်းရှင်းစေရေးအတွက် မီးသတ်ရေယာဉ် ၁၁ စင်းဖြင့် ကန်ကြီးမင်္ဂလာကန်တော်အတွင်းသို့  ကုသိုလ်ပြုရေဖြည့်သွင်းခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)