ကဆုန်လပြည့် (ဗုဒ္ဓနေ့၌) သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သံဖြူဇရပ်     မေ   ၁၂

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ယမန်နေ့ညနေ ၅ နာရီအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး​အောင်မိုးလွင် နှင့်အဖွဲ့ဝင်များ၊ ဆု​တောင်းပြည့်​ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး ​ဘဏ္လာ​တော်ထိမ်း​ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်​ရောက်၍ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာအခမ်းအနားကို နမောတသ(၃)ကြိမ် ရွတိဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အနောက်အရပ်မှနဂါးအဖွဲ့၊ မြောက်အရပ်မှ ဂဠုန်အဖွဲ့၊ တောင်အရပ်မှ နတ်အဖွဲ့၊ အရှေ့အရပ်မှဗြဟ္မာအဖွဲ့တို့က သက်ဆိုင်ရာဂါထာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ဆုတောင်းပြည့်ဘုရားကြီး၏ဂေါပက အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ဗောဓိညောင်ပင်အား ညောင်ရေးသွန်းလောင်းကာ ဘာသာရေး ဝတ်အသင်းအဖွဲ့များကလည်း ဇယမင်္ဂလာ(၅)ဂါထာနှင့်သွန်းကြ၊ သွန်းကြ ဂါထာတော်တို့ကို ရွတ်ဖတ်ဆုတောင်း ပတ္တနာပြုပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားပြီးဆုံးကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် ညောင်ရေသွန်းလောင်းပွဲသို့ လာကြသည့် ပြည်သူများအား မြို့ပေါ်ရပ်ကွက်အသီးသီးမှ ညောင်ရေသွန်းလောင်းအဖွဲ့များက ဇာတ်လမ်းတေးသရုပ်ဖော်များ၊ ဆင်က၊ မြင်းကများနှင့် အငြိမ့်ပြဇတ်များဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)