သုံးခွ မေ ၅
ရန်ကုန်တိုင်းစစ်ဌာနချုပ် (သန်လျင်တပ်နယ်)မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မြတ်ထွဋ်ဦးဆောင်သည့် နယ်လှည့်ဆေးကုသအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အဇန်းတောဇွန်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ရောဂါဝေဒနာခံစားနေရသော ပြည်သူများအား လာရောက်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် (သန်လျင်တပ်နယ်)မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မြတ်ထွဋ်၊ ဆေးကုသမှုပါရဂူ ဗိုလ်မှူးဥက္ကာ၊ ခွဲစိတ်ပါရဂူ ဗိုလ်ကြီးအောင်မျိုးထက်၊ သူနာပြုအရာရှိ ဗိုလ်ကြီးဖြိုးမင်းအောင်နှင့် ဗိုလ်ကြီးရာဇာမင်းနိုင်၊ သွားကုသမှုသူနာပြု ဒုတိယတပ်ကြပ်ထွန်းလင်းနိုင်ပါ (၁၄)ဦးတို့က အထွေထွေရောဂါကုသသည့် သံဃာတော် (၃)ပါး၊ ကိုရင်(၁)ပါး၊ ကျား(၁၂)ဦး၊ မ(၄၂)ဦး၊ အရိုး/အကြောရောဂါ လာရောက်ကုသသူ ကျား(၃)ဦး၊ မ(၈)ဦး၊ ခွဲစိတ်ရောဂါကုသသူ ကျား(၆)ဦး၊ မ(၇)ဦး၊ သားဖွားမီးယပ်ရောဂါကုသသူ မ(၂၁)ဦး၊ ကလေးရောဂါအတွက် ကျား(၄)ဦး၊ မ(၆)ဦး၊ သွားနှင့်ခံတွင်းရောဂါပြသသူ ကျား(၇)ဦး၊ မ(၁၃)ဦး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအတွက် ကျား (၁၄)ဦး၊ မ(၉)ဦး၊ စုစုပေါင်းရောဂါဝေဒနာရှင် (၁၅၆)ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆေးကုသသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရောဂါဝေဒနာခံစားနေရသည့် အဇန်းတောစွန်းကျေးရွာအုပ်စု၊ ကိုင်းကုန်းကျေးရွာအုပ်စု၊ တမံကြီးကျေးရွာအုပ်စု၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာအုပ်စု၊ ဖရုံကန်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)