ထန်းတပင် မေ ၅
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူအကျိုးပြု အသိပညာပေးဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့က အရန်မီးသတ်စခန်းရှေ့နှင့် မြို့မစျေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆိုင်းဘုတ် စိုက်ထူရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့်တာဝန်ရှိသူများက အရန်မီးသတ်စခန်းရှေ့နှင့် မြို့မစျေးတို့တွင် အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းကိုဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ထန်းတပင်မြို့မဈေးတွင် ဈေးသူဈေးသားများနှင့် ဈေးရှေ့ဖြတ်သန်းသွားလာနေကြသည့် ရပ်ကွက်ကျေးရွာနေပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆိုင်းဘုတ် စိုက်ထူရာသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)