မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက်‌ တစ်ဦးလျှင်(၂)လစာ ငွေကျပ်လေးသောင်း ပေးအပ်

မင်္ဂလာတောင်ညွန့် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက် တစ်ဦးလျှင်(၂)လစာ ငွေကျပ် ၄၀၀၀၀ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီအချိန်က ပုသိမ်ညွန့်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ သဒ္ဓမ္မဗျူဟာဓမ္မာရုံတွင်လည်းကောင်း (၁၄း၀၀)နာရီအချိန်တွင် ကျီ‌တော်ရပ်ကွက်၊ ပေတာကုန်းလမ်းရှိရွှေကျင်ကျောင်းတိုက်တို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်‌ထောက်ပံ့ရေးအဖွဲ့၊ အဖွဲ့‌ခေါင်း‌ဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မြသိန်းထွန်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ထို့သို့ပေးအပ်ရာတွင် ရပ်ကွက်(၆)ရပ်ကွက်ရှိ လူဦး‌ရေ(၁၀၅)ဦးအတွက် ငွေကျပ် ၄,၂၀၀,၀၀၀ ကျပ်တိတိအား လက်၀ယ်အရောက် ပေးအပ်ခဲ့ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)