တာချီလိတ် မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စစ်ဗျူဟာအခြေချ (တာချီလိတ်) မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက ယခုဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် တက်ရောက်မည့် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးဝမ်းကြောင်းပညာရပ်များအား ကြိုးစားသင်ယူလေ့လာစေလိုကြောင်း သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသို့ ဒေသခံတိုင်းရင်းသူ အမျိုးသမီး ၃၀ ဦး တက်ရောက်ပြီး သင်တန်းနည်းပြများက လက်မနှင့် စင်တီမီတာစက်ချုပ်နည်း၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)