စမ်းချောင်း မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ စမ်းချောင်းမြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် eID အထစ မှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ် မရှိသူများအား စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ အိမ်အရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)