ဆီဆိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်း အမိုးပျက်စီး

ဆီဆိုင် မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မေလ ၁၀ ရက်မွန်းလွဲ ၁ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တဘက်ကျေးရွာ အုပ်စု၊ နောင်ခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ အမိုးပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နောင်ခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၏ ပင်မဆောင်ဖြစ်သော အုတ်ညှပ် အလျား ပေ (၉၀) ၊ အနံ ပေ(၃၀) တစ်ထပ်ကျောင်းဆောင်မှ သွပ်မိုး၊ မြှားတန်းနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ရသည်။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)