တောင်ဥက္ကလာပ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတွင်ကဆုန်လပြည့် (၃၅)ကြိမ် မြောက်ကဆုန်ညောင်ရေသွန်း ပွဲတော်အခမ်းအနားကို ယနေ့နံနက် (၆း၃၀)နာရီအချိန်က ဥက္ကလာပဘုရားဝန်းရှိ မဟာမုနိဓမ္မာရုံကြီးနှင့် မဟာဗောဓိပင်တို့၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မြတ်စွာဘုရားနှင့် နတ်ဗြဟ္မာ တို့အား ပင့်လျောက်ဖိတ်ကြားခြင်း၊ ဧည့်ပရိတ်သတ်တို့က ဆရာတော်အရှင်မြတ် တို့ထံမှ ကိုးပါးသီလခံယူတည် ဆောက်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဥက္ကလာပဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်အရှင်မြတ်တို့အား နဝကမ္မဝတ္ထုအလှူတော်ငွေ ဆပ်ကပ်လှုဒါန်းပြီး ဆရာတော်အရှင်မြတ်တို့ထံမှ အနုမောဓနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချကုသိုလ်ယူခဲ့ကြသည်။
ထို့နောက် ဆရာတော်ဘုရားများကဦးဆောင်၍ ဥက္ကလာပစေတီတော်မြတ်ကြီးအား လက်ျာရစ် တစ်ပတ်လှည့်လည်ပူဇော်ကာ မဟာဗောဓိပင်တွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရှင်တော် မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပြီး (၃၅)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းခြင်းအား ဆရာတော်သံဃာတော် မြတ်များက စတင်သွန်းလောင်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဥက္ကလာပဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများက ညောင်ရေသွန်းလောင်းပူဇော်ကြကြောင်းသတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)