လင်းခေး၌ ကဆုန်လပြည့်နေ့ (၆၇)ကြိမ်မြောက်မြို့နယ်လုံး ကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

လင်းခေး မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်လုံးကျွတ် ကဆုန်လပြည့်နေ့ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလောင်းလှူပွဲကျင်းပရာ၌ အပူဇော်ခံဘုရားဆင်းတုတော်တစ်ဆူ ဦးဆောင်ကားဖြင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ကမ္မဌာန်းကျောင်းတိုက်ဆရာ တော်ဘဒ္ဒန္တဥူးဝိစိတ္တသာရအမှူးပြုသည့် သံဃာတော်များနှင့် သာမဏေအပါး(၇၅၁)ပါးတို့က လင်းခေးမြို့မဟာဝိဟာရပရိ ယတ္တိစာသင်တိုက်သုံးထပ် ကျောင်းဆောင်ရှိမုခ်ဦးမှစ တင်ကာလှည့်လည်ပူဇော်ခံခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာ တော်၊သာမဏေအပေါင်းက မြို့နယ်မဟာမြတ်မုနိ ဘုရားကျောင်းတော်ရှေ့ မြို့မလမ်းကြီးမှ တောင်ရွာရပ်ကွက်ပတ်လမ်းအ တိုင်းဆွမ်းဆန်စိမ်း လောင်းလှူခံခဲ့ကြရာ မြို့နယ်အတွင်းရှိ စေတနာ  အလှူရှင်အပေါင်းက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းများ၊ လှူဖွယ်အမျိုးမျိုးနှင့် သံဃာအသုံးအဆောင်ဆိုင်ရာ ပစ္စည်းအမျိုးမျိုးတို့ကို ပူဇော် လောင်းလှူခဲ့ကြကာ(၆၇)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)