ဆိပ်ကြီးခနောင်တို မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြော ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဦးထွန်းအိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများအား မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှုဘေး စသည့်သဘာဝဘေးအန္တရာယ်များမကျရောက်မီနှင့် ကျရောက်လာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝ ဘေးကျရောက်နေစဥ်နှင့် ကျရောက်ပြီးပါက လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန္ဓေနှင့်အရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပြီး၊ မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ကျန်ရှိသောရပ်ကွက်များတွင်လည်း ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)