ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်အပ်နှံပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

ကျိုက်ထို မေ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်အပ်နှံပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီရင်‌ပြင်တော် မှန်လုံဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်အပ်နှံပွဲနှင့် ဩဝါဒခံယူပွဲသို့ တက်ရောက်လာသူများမှ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာသာမိထံမှ (၈)ပါးသီလ ခံယူဆောက်တည်၍ သြဝါဒစရိယဆရာတော်ကြီးများမှ မေတ္တသုတ်ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ နဝကမ္မလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ ကျိုက်ထီးရိုးစေတီတော်ဩဝါဒစရိယ မဟာမယ်ဇယ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယထံမှ အနုမောဒနာတရားချီးမြှင့်တော်မူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)