ကဆုန်လပြည့်နေ ရွှေစည်းခုံစေတီတော်ကြီး ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့်သံဃာတော် (၁၀၈) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ညောင်ဦး မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်းနှင့်သံဃာတော်(၁၀၈) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော်ကြီး ရင်ပြင်တော်ပေါ်တွင်လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။

ကဆုန်လပြည့်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် သံဃာတော်အရှင်သူမြတ် (၁၀၈) ပါးမှ ရွှေစည်းခုံ စေတီတော်ကြီးအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ကြပြီး နံနက် ၇ နာရီအချိန်ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘုရား(၁၈)ဆူမှဂေါဘုကအဖွဲ့များက ဆွမ်းဆန်စိမ်း၊ နဝကမ္မဝတ္ထုငွေများ၊ လှူဖွယ်ပစ္စည်းအစုစုတို့အား ရွှေစည်းခုံဘုရားကြီး ပတ်ပတ်လည်တွင် စည်းကားသိုက်မြိုက်စွာ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း