တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တန့်ယန်း မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူထုအကျိုးပြု ဆောင်ရွက်နေမှု မှတ်တမ်းဗွီဒီယို (၁၀) မိနစ်အား ပြသသည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် လှုပ်ရှားဆောင်ရွက်နေသူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေး၊ မြို့နယ်ပညာရေးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာလွင်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                     

 မင်းလွင်ဦး(တန့်ယန်း)