မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ‌ဆောင်ရွက်

မင်္ဂလာ‌တောင်ညွန့်   မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က ကူးတို့ဆိပ်ရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့‌နောက် မြို့နယ်လဝကမှူးဦးလင်းထိန်ဦးဆောင်၍ ဝန်ထမ်းများသည် ကူးတို့ဆိပ်ရပ်ကွက်ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦး‌‌ငြိမ်းချမ်းအောင်တို့ကလိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်သေးသူများနှင့် အသက်၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရ‌သေးသူများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)