အင်းစိန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာမကြီး ခင်ဆွေဦးရေးသားသည့် “အင်ကြင်းရဂုံ”စာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် Book Club အဖွဲ့ နာယကဦးရန်နောင် (ရန်နောင်-ပညာ)၊ အင်းစိန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့် ငှက်ဖျား)နှင့် Book Club အဖွဲဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံဏိ-တောင်တွင်းကြီး)တို့က အမှာစကားပြောကြားခဲ့ကြပြီး အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ Book Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့မူက စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများကလည်း စာရေးဆရာမကြီး ခင်ဆွေဦးရေးသားသည့် “အင်ကြင်းရဂုံ” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ Book club အဖွဲ့ နာယက ဦးသက်တင်( မောင်သာတင့်)နှင့်ဒု - ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးခဲ့သည့် Book Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့မူအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်ဆက်)