မက်မန်း မေ ၁၀
ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာ စကားပြောကြားရာတွင် “သင်တန်းမှ သင်ကြားပို့ချပေးမည့် ပညာရပ်များနှင့် ဗဟုသုတများကို သင်တန်း သား/သင်တန်းသူများအနေဖြင့် ခေတ်နှင့်အညီ ကျွမ်းကျွမ်းကျင်ကျင် သင်ယူတက်မြောက်ရန် လိုအပ်သကဲ့သို့ တက်မြောက်ထားသည့် နည်းပညာများကိုလည်း မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချသွားကြရန် လိုအပ်ပါ ကြောင်း” ပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် “ရုံးဝန်ထမ်း များအနေဖြင့် မိမိလုပ်ငန်းအသီးသီးတွင် ထိရောက်မြန်ဆန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် ကွန်ပျူတာ စာစီရာတွင် အသုံးဝင်သည့် အခြေခံ Microsoft Word, Power Point, Excel များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံး ပြုနိုင်ရန်လိုအပ်ကြောင်း၊ လူငယ်/လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်များအတွင်း အားလပ်ချိန်များကို အကျိုး ရှိရှိအသုံးချပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်စေရေး ကြိုးစားစေလိုကြောင်း” ပြောကြားခဲ့သည်။ သင်တန်းကာလမှာ မေလ ၉ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇက်ထွန်း(ပြန်/ဆက်)