ဗိုလ်တထောင် မေ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က အင်္ဂလိပ်သဒ္ဒါသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး၊ နည်းပြဆရာမရွှေယဥ်နု(ပညာရေး)မှ သင်တန်းသား/သင်တန်းသူများကို အခြေခံသဘောတရားကအစသိထားသင့်ကြောင်း၊ ကမ္ဘာ့လက်သုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို လေ့လာသင့်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ရွှေယဥ်နု(ပညာရေး)နှင့် စာရေးဆရာမမေမြတ်စန္ဒာတို့အား ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား ဗလာစာအုပ်နှင့်ခဲတံများ လက်ဆောင်ပေးခဲ့သည်။
သင်တန်းဆင်းပွဲသို့တက်ရောက်သူများနှင့် သင်တန်းသား/သင်တန်းသူများကို ကော်ဖီနှင့်မုန့်များဧည့်ခံကျွေးမွေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။
မေမြတ်( ပြန် /ဆက် )