ကော့မှူးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပ

ကော့မှူး မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားအားလုံးအကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်များ၊ ပြည်သူစစ်မှုထမ်း စနစ်ကျင့်သုံးခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်နှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများအား စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလိုကြောင်းစသည့်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌‌စေရန်နှင့် နယ်‌မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)