မြစ်သားမြို့နယ်အတွင်းရှိ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် Day Camp စခန်းသွင်း ဆက်လက်လေ့ကျင့်သင်ကြား

မြစ်သား မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ  Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုင်ပိုင်ကျောင်းများတွင် ပြန်လည်ဖြေဆိုကြမည့် Day Camp စခန်းသွင်း ကျောင်းသား/ကျောင်းသူများကို ယနေ့နံနက်ပိုင်းအချိန်က သင်ကြားပို့‌ ပေးချခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ ရွာခိုင်ကြီးအ‌ခြေခံပညာအထက်တန်းကျောင်း၊ ကူမဲမြို့ဥာဏ်မီးအိမ်ကိုယ်ပိုင်အထက် တန်းကျောင်း၊ သာလွန်အ‌ခြေခံပညာအထက်တန်းကျောင်းများတွင် Day Camp စခန်းသွင်း သင်ကြားနေသော ကျောင်းသား/ကျောင်းသူများကို‌ ဆရာ၊ဆရာမများက Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက် မြင့်မားရန်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများက ဆက်လက်သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)