အလုံ မေ ၁၀
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခြင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များက သင်တန်းသား/ သင်တန်းသူများအတွက် အအေးဘူးများလှူဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င်(၂) ဦးအောင်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ Book Club အဖွဲ့၀င်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်မိဘများ စုစုပေါင်း(၅၀)ဦးခန့် တတ်ရောက်ခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကိုပြသခဲ့ကြပြီး သင်တန်းအား မေလ ၅ရက် နေ့မှစတင်ဖွင့်လှစ်လျက်ရှိရာ မေလ ၁၆ ရက်နေ့ထိ စုစုပေါင်း ၁၀ ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)