ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန် မေ ၁၀

ရန်ကုန်တိုင်း​​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊​​ အင်ယားလမ်းရှိ အ.ထ.က(၂)စာသင်ကျောင်းဝန်းအတွင်း၊ အပြင်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်လုံခြုံရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ အပင်များပုံသွင်းခြင်း၊ သစ်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သိမ်းဆည်းခြင်း၊ ထုန်သွန်လဲစစ် ​ဆောင်ရွက်ခြင်း အမှိုက်​ကောက်သန့်ရှင်း​ရေး​ဆောင်ရွက်ခြင်း၊ ခြုံနွယ်များရှင်းလင်း​ခြင်း၊ ကျောင်းခန်းများအတွင်း ဆေးမှုတ်ခြင်းနှင့်  သွေးလွန်တုတ်ကွေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်