ဒဂုံဆိပ်ကမ်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၂၇) ယာဥ်ထိန်း တပ်ဖွဲ့စုမှ ခေတ္တစုမှူး ဒုရဲမှူး ဦးအောင်ဇော်ထွန်းနှင့်အဖွဲ့သည် ယနေ့နံနက် (၉)အချိန်တွင် ပဲခူးမြစ်လမ်းတွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရန် အသိပညာပေး လုပ်ငန်းအားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကုန်တင်ယာဉ်ကြီးများအား ညာဘက်ယာဥ်ကြော ယာဉ်ရှင်းပါလျက် လမ်းလယ်တက်မောင်းယာဉ်များအား နည်း ၂၈၆ နှင့်အညီ မောင်းနှင်ရန်၊ ခရီးသွားလာအများ ပြည်သူယာဥ်မောင်းများအား ယာဥ်မောင်းစဥ် အရက်သေစာသောက်စားခြင်းမပြုရန်၊ ယာဉ်မောင်းစဉ် ထိုင်ခုံခါးပတ် ပတ်ရန်နှင့် ဘေးမှထိုင်လိုက်သည့် ခရီးသည်များအား ခါးပတ်ပတ်စေရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ယာဥ်အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)