ကော့မှူး မေ ၁၀
၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး တွံတေးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စမ်းရီက ကျောင်းမဖွင့်မီလိုအပ်သည့်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသား/ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အလံများ၊ ကျောင်းဆိုင်းဘုတ်များ သစ်လွင်တောက်ပစွာဆောင်ရွက်ထားကြရန်နှင့် ကျောင်းနှင့်ပတ်သက်သောကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ တွံတေးခရိုင်ပညာရေးမှူး ဒေါ်ခင်စမ်းရီ၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်နှင့်တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အခြေခံပညာအလယ်တန်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)