ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒဂုံအရှေ့ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁ဝ)နာရီက (၁၅၆)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့် လဝကမှူး  ဒေါ်ဆန်းနု ခေါင်းဆောင်သော အဖွဲ့(၂)သည် ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူပြီးစီးခဲ့သည့်လူဦးရေစာရင်းများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းထားခြင်းမရှိသေးသော အသက် (၁၆-၁၈)ကြား၊ (၁၈)နှစ်အထက်နှင့် ရွှေ့ပြောင်းနေထိုင်သူများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့်ကောက်ယူလာသူများ၊ (ယာယီအိမ်ထောင်စု)ထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများသို့ နေ့စဥ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အေးမဉ္ဇူ