ရန်ကုန် မေ ၁၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က မြို့တွင်းလမ်းများကောင်းမွန်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မေလ ၈ ရက်နေ့ ညပိုင်းက ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်း(ပန်းဆိုးတန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းအကြား) အရှည် ၂၄၀၀ ပေ၊ လမ်းဝဲ/ယာအကျယ် ၇၂ ပေ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်းကျင်းနေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်း(ဦးအောင်မြတ်လမ်းနှင့် စက်ရုံလမ်းအကြား) အရှည် ၁၀၆၀ ပေ၊ တစ်ဖက်လျှင်အကျယ် (၂၄) ပေဖြင့် ဝဲ/ယာအကျယ် (၄၈) ပေ ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းလျက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီအမြန်ပြီးစီးရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)