ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒဂုံတောင် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့တွင်ပါဝင်သော ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်‌ဆောင်ရွက်‌ရန်လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာဖြင့် ပြီးမြောက်စေရန်၊ လုပ်ငန်းလျာထားချက်များအတိုင်း ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ရည်မှန်းချက်တာဝန်များကို အလေးအနက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်များ စသဖြင့်ပြောကြားသည်။

ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ကပေးအပ်ရာ မြို့နယ်၏ ဒေသန္တရစီမံကိန်းတာဝန်များကို  မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လမ်းတံတားဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးတို့မှ လက်ခံရယူကြကြောင်းနှင့် အခမ်းအနားသို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သန်းသန်းအေး