ဒဂုံအရှေ့ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့တွင်ပါဝင်သော ရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာပြီးမြောက်စေရန်၊ လုပ်ငန်းလျာထားချက်များအတိုင်းဆောင်ရွက်ရန်၊ နိုင်ငံတော်၏ရည်မှန်းချက်တာဝန်များကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေးစည်းမျဥ်းများနှင့်အညီ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ကြရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်တို့မှ မြို့နယ်၏ဒေသဖွံ့ဖြိုးရေးနှင့် လုပ်ငန်းတာဝန်များကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အေးမဉ္ဇူ