လှိုင်သာယာ(အရှေ့ပိုင်း)၊ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် မေလ ၈ ရက်နေ့ မွန်းလွဲ(၃)နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးပွဲတွင် ကျောင်းအပ်နှံရေးကိစ္စ၊ ဆန်စပါးကိစ္စ၊ အပတ်စဉ်သန့်ရှင်းရေးကိစ္စရပ်များ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းခြင်းကိစ္စရပ်များ၊ သဘာ၀ဘေးကိစ္စရပ်များ၊ ထူးခြားဖြစ်စဥ်ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်ပေးရန်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာတာ၀န်ရှိသူများမှ အပြန်အလှန်ဆွေးနွေးပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)