လှိုင်သာယာ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသမီးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းများ၊ ကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်းများ၊ အမျိုးသမီးလူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးခြင်းများ၊ အစိုးရသိပ္ပံကျောင်းများတွင် စကားဝိုင်းများ၊ လူငယ်ဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဥပဒေဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းများအကြောင်းတို့ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က ဆွေးနွေးပြောကြားပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများအကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာကြူကြူသင်းမှ ဆွေးနွေးပြောကြားသည်။
တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အသီးသီးဆွေးနွေးပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးသင်းအဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)