စဉ့်ကိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စဉ့်ကိုင်မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ အသက် (၆) နှစ်နှင့်အထက် ပြည်သူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကြိုတင်ကာကွယ်နိုင်ရေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်အလိုက် စုရပ်နေရာအသီးသီး၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် (၅) ရပ်ကွက်ရှိ အသက် (၆) နှစ်နှင့်အထက် ပြည်သူ (၂၃၀) ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးထိုးနှံပေးခဲ့ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)