လွိုင်လင်မြို့နယ်၊ အင်ခစ်ကျေးရွာ  အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် အားပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကျင်းပ

လွိုင်လင် မေ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ၊အင်ခစ်ကျေးရွာ  အခြေခံပညာမူလတန်းလွန်ကျောင်း (၆၀× ၃၀) ပေ RCC တစ်ထပ် ကျောင်းဆောင်သစ် (၂)လုံးအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ကျောင်းဆောင်သစ်အား က‌မ္ဘောဇဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်း ၊ ဒုတိယဥက္ကဌ ဦးညိုမြင့် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကြည်မြင့် ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ရပ်မိရပ်ဖ ဦးခွန်ထွန်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကိုကျင်းပရာ ကမ္ဘောဇအုပ်စု ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း ရခြင်းနှင်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားပါသည်။ ဆက်လက်၍ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများနာယက ဦးအောင်ကိုဝင်းက လွှဲပြောင်းပေးအပ်ရာ ခရိုင်ပညာရေးမှူးမှ လက်ခံရယူပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်ကြောင်း သိရသည်။ အခမ်းအနားအပြိးတွင် အင်ခစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်သည့် ဆရာမများအတွက် ကူညီငွေ (၁၅)သိန်းကိုလည်းကောင်း၊ ကျောင်းသုံးပရိဘောဂများထပ်မံဝယ်ယူရန် အလှူငွေ ကျပ်သိန်း(၃၀)ကိုလည်းကောင်း၊ အင်ခစ်ကျေးရွာသစ်သို့ ပြောင်းရွေ့ကြမည့် အိမ်ထောင်စု ၃၇ စုအတွက် စရိတ်ငွေ ကျပ်သိန်း (၁၁၇၀) ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်သည်  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရသည့်  လွိုင်လင်မြို့နယ်၊ အင်ခစ်ကျေးရွာအတွက် ကမ္ဘောဇဖောင်ဒေးရှင်းမှ လှူဒါန်းငွေ (၂၈၈.၀၀) ကျပ်သန်း ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး