တိုက်ကြီးမြို့နယ်၌ နွေစပါးစံပြလယ်ယာအထွက်နှုန်း စိစစ်ရိတ်သိမ်းပွဲကျင်းပ

တိုက်ကြီး မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နွေစပါးစံပြလယ်ယာအထွက်နှုန်းစိစစ်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ တောင်သူဦးစိုးထွန်း၏ ကွင်းအမှတ် (၇၃၀) ၊ဦးပိုင်အမှတ်(၅ခ)ရှိ လယ်မြေ(၃.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက တိုက်ရိုက်မျိုးစေ့ချ Seeder စနစ်ဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းမြင့်မားရေး တောင်သူများအား ရှင်းလင်းပြောကြားပြီးနောက် ရိတ်သိမ်းချွေလှေ့စက်ဖြင့် နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ရာ တောင်သူဦးစိုးထွန်း၏ Seeder စနစ်ဖြင့် စိုက်ပျိုးထားသောရက်(၁၀၀)နွေစပါးစိုက်ခင်းမှ တစ်ဧကပျမ်းမျှအထွက်နှုန်း(၁၂၁.၃၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

စံပြလယ်ယာဧက(၁၀၀)အထွက်နှုန်း စိစစ်ရိတ်သိမ်းခြင်းနှင့် ပက်သက်၍ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရမှ မျှော်မှန်းထားသည့် စပါးပန်းတိုင်အထွက်နှုန်း ပျမ်းမျှတင်း(၁၂၀) ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ယခုနှစ်တွင်ရရှိသည့် အခြေခံအပေါ်မပြည့်မီပါက ပန်းတိုင်အထွက်နှုန်းရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝတ်ရည်