ပေါင် မေ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာ၀န်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ သုံးစွဲသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကလေးတစ်ကိုယ်သန့်ရှင်းရေသုံးပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကလေးတစ်ကိုယ်ရေသန်ရှင်းသုံးပစ္စည်းကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် ကလေးတစ်ကိုယ်ရေသန့်ရှင်းသုံးပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)